ယောက်ျားဖြစ်သူမှ မိသားစုဝင် ၄ ဦးစလုံးကို သတ်ဖြတ် ထွက်ပြေး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ကလေး ၂ ဦးအပါအဝင်မိသားစုဝင် ၄ ဦးစလုံးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

လူသတ်မှုကျူးလွန်ခဲ့သည့်အမျိုးသားသည် ဇနီးဖြစ်သူ၊ ယောက္ခမဖြစ်သူနှင့် ကလေး ၂ ဦးတို့ကို သတ်ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က ထွက်ပြေးသွားခြင်းဖြစ်ရာ ယနေ့ထိ ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။

သေဆုံးခဲ့သူလေးဦးမှာ မမြန်းစုဝတီခင်၊ အသက် ၄ နှစ် ၊ မသက်စုဝတီခင်၊ အသက် ၁၃ နှစ်၊ ဒေါ်ခင်မာချို၊ အသက် ၃၃ နှစ်ခန့်၊ ဒေါ်အေးသောင်း၊ အသက် ၆၅ နှစ် ခန့်တို့ဖြစ်ကြောင်း သိရှိရပြီး ပြစ်မှုကျူးလွန်ခဲ့သူဟု စွပ်စွဲခံထားရသည့် ဦးဟန်ဝင်အောင်သည် အသက် ၃၄ နှစ်ခန့်အရွယ်ရှိသူဖြစ်ပြီး သေဆုံးသူ ဒေါ်ခင်မာချို၏ နောက်အိမ်ထောင်ဖြစ်ကြောင်း၊ Online‌ ပေါ်မှတွေ့ဆုံခဲ့ကြပြီး လက်ထပ်ထားသည်မှာ ၅ လမျှသာကြာရှိသေးကြောင်း သိရသည်။

ယခုလူသတ်မှုကို ဆေးစစ်ချက်များအရ လည်ပင်းကိုညှစ်၍ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူ ဦးဟန်ဝင်းအောင် သည် ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူဖြစ်ကြောင်းသိရ၍ မိုးမောက်မြို့နယ် မြို့သစ်မြို့ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ လူသတ်မှုဖြင့် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

PAN