MAI လေကြောင်းလိုင်းက ရန်ကုန်- ဖူးခက် တိုက်ရိုက်လေကြောင်းခရီးစဥ် စတင်ပြေးဆွဲ

ရောက်ရှိလာတော့မည်ဖြစ်သည့် ပွင့်လင်းခရီးသွားရာသီအတွက် ပြင်ဆင်မှုတစ်ရပ်အနေဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က မြန်မာနိုင်ငံ ရန်ကုန်မြိုနှင့် ထိုင်းနိုင်ငံ ဖူးခက်မြိုတို့ကို တိုက်ရိုက်လေကြောင်းလိုင်းအဖြစ် ယမန်နေ့ (အောက်တိုဘာ ၉ ရက်) တွင် စတင်ပျံသန်းပြေးဆွဲခဲ့သည်ဟု ၎င်းလေကြောင်းလိုင်းထံမှ သိရသည်။

အဆိုပါ ရန်ကုန်- ဖူးခက် တိုက်ရိုက်လေကြောင်းခရီးစဥ်ကို အပန်းဖြေခရီးသွားများအတွက် ဒေသတွင်းဆက်သွယ်မှု တိုးတက်စေရန်ရည်ရွယ်၍ ထိုင်းနိုင်ငံ၌ ဒုတိယမြောက်ခရီးစဥ်အဖြစ် တိုးချဲ့ပြေးဆွဲခြင်းလည်းဖြစ်သည်။

ရန်ကုန်- ဖူးခက် တိုက်ရိုက်လေကြောင်းခရီးစဥ်ကို တစ်ပတ်ကို နှစ်ရက်နှုန်းဖြင့် အပတ်စဥ် တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့တိုတွင် ပြေးဆွဲပေးသွားမည်။