သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့ ပုဂံမြင်ကွင်းများ

အောက်တိုဘာလ ၁၀ ရက်နေ့ သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့တွင် ပုဂံ-ညောင်ဉီးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်း အထင်ကရ ဘုရားများတွင် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရှိရပါတယ်။

    

  • သမိုင်း အထင်ကရ ဘုရား ၁၉ ဆူ အပြင် အခါကြီးရက်ကြီး များတွင်မြန်မာပြည် အရပ်ရပ်မှ လာရောက်၍ ဆီမီးများ ကပ်လှူပူဇော်ကြကြောင်း၊
  • ပုဂံ-ညောင်ဉီး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ စေတီ၊ ပုထိုး၊သာသနိက အဆောက်အဦများကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ် ဖူးမြော်ခွင့် ပေးပါတယ်။
  • ရွှေစည်းခုံစေတီတော်အား သီတင်းကျွတ်ကာလ အောက်တိုဘာ ၅ရက်မှ ၁၂ ရက်အထိ မနက်၅ နာရီမှ ည ၈ နာရီအထိ ပေးထားကြောင်းသိရှိရပါတယ်။