စက်သုံးဆီများ ပြည်တွင်းသုံးစွဲမှုလုံလောက်စေရန်ဆောင်ရွက်လျက်ရှိ

သီလဝါဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီတင်သင်္ဘော ၂ စီးမှ ဓာတ်ဆီ 92 Ron ၀ ဒသမ ၁၆ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၈၀ ဂါလန်သန်းအား ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပရီမီယံဒီဇယ်ဆီ ၄ ဒသမ ၇၆ ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ ၁ ဒသမ ၆ ဂါလန်သန်းအား တင်ဆောင်လာသော စက်သုံးဆီတင်သင်္ဘော ၂ စီးသည်လည်း ထပ်မံဆိုက်ကပ်လာမည်ဖြစ်ရာ စက်သုံး ဆီများ ပြည်တွင်းသုံးစွဲမှု လုံလောက်စေရန် ဆောင်ရွက်လျက်ရှိ။