အင်းစိန် အောင်ဇေယျတံတား အဆင်းတွင် YBS ၂ စီးမျက်နှာချင်းဆိုင်တိုက် သေဆုံးသူနှင့် ထိခိုက်သူ ၃၀ ဦးကျော်ရှိ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အောင်ဇေယျတံတား အဆင်းတွင် နိုဝင်ဘာလ ၆ ရက်(ယနေ့) နံနက်ပိုင်းက ခရီးသည်တင် YBS 61 နှင့် YBS 69 တိုမျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။

ဖြစ်စဥ်ကြောင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရနှင့်မစိုးရိမ်ရ) ရရှိသူ ၃၀ ဦးကျော်ခန့်ရှိသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြု လုပ်ပေးနေကြသည့် လူမှုကူညီရေးအသင်းများထံမှ ကနဦး သိရပါတယ်။

သေဆုံးသူများ၏ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများအား လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံများသို အသီးသီး ပို့ဆောင်ပေးလျက်ရှိပါတယ်။