အမေရိကန်ဆိုင်ရာတရုတ်သံအမတ် မစ္စတာချင်ဂန်အားနိုင်ငံခြားရေးဝန်ကြီးအဖြစ်ခန့်အပ်

ပေကျင်းနှင့်ဝါရှင်တန်တိုအကြားဆက်ဆံရေးကို တည်ငြိမ်စေရန်ကြိုးပမ်းနေချိန် တွင် တရုတ်နိုင်ငံ၌ ယခင်အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာချင်ဂန်အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။

၎င်းအား ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်းမစ္စတာဝမ်ယိနေရာ၌အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ပြီး မစ္စတာဝမ်ယိသည် တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး ဦးဆောင်အဖွဲဝင်အဖြစ်ပြီးခဲ့သည့် အောက်တိုဘာလ ကရာထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။