သာကေတ အဝိုင်းပတ်ပန်းခြံအတွင်း လက်လုပ်ဗုံးအား အင်ဂျင်နီယာတပ်က သက်မဲ့ပြုလုပ်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြိုနယ်၊ ၁၀-တောင်ရပ်ကွက်၊ သာကေတက အဝိုင်းပတ်ပန်းခြံအတွင်း
မပေါက်ကွဲသေးသောလက်လုပ်ဗုံးတွေ့ရှိခဲ့သောကြောင့် အင်ဂျင်နီယာတပ်က သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက် မွန်းလွဲ တစ်နာရီခွဲခန့်က အဆိုပါ လက်လုပ်ဗုံးကိုတွေ့ရှိခဲ့ရခြင်း ဖြစ်ပြီး ၉၀၅ အင်ဂျင်နီယာတပ်
က လုံခြုံရေးဆောင်ရွက်ကာ သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူက ပြောသည်။
“တွေ့တာက အဝိုင်းပတ် ပန်းခြံထဲမှာ။ အတွင်း ရှုခင်းသာ ပတ်လမ်းနဲ့ သံလျင်တံတား ချဉ်းကပ်လမ်းဘက်ခြမ်းမှာ
တွေ့တာ။ ပန်းပင်တွေထဲမှာ အနက်ရောင်ကြွတ်ကြွတ်အိတ်တစ်လုံးနဲ့အထုပ်တစ်ထုပ်ကိုတွေ့လို သတင်းပေးတာကြောင့်
မသင်္ကာဖွယ်ဖြစ်တဲ့တွက် လုံခြုံရေးတပ်ဖွဲ့ကရှင်းလင်းတာပါ။ ၉၀၅ အင်ဂျင်နီယာတပ်က လာရောက်ပြီးတော့ ရှင်းလင်း
ခဲ့ပါတယ်။ လက်လုပ်မိုင်းက သင်္ဘောဆေးဘူးနဲ့ လုပ်ထားတာ။ သက်မဲ့လုပ်တာဆိုတော့ ယမ်းကပ်ဖောက် ခွဲလိုက်တာ
ပေ့ါ။ အများသူငါ သွားလာနေတဲ့ ပန်းခြံထဲမှာဆိုရင် တော်တော် အန္တရာယ် ရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက
ပြောသည်။