အာဖဂန်နစ္စတန်မြောက်ပိုင်း၌ အဆိပ်ခတ်ခံရမှုကြောင့် ကျောင်းသူ ၈၀ နီးပါး ဆေးရုံရောက်

အာဖဂန်နစ္စတန်မြောက်ပိုင်း၊ ဆာ-အီ-ပေါ ပြည်နယ်ရှိ စာသင်ကျောင်းနှစ်ခုတို့၌ ပြီးခဲ့သည့် စနေနှင့် တနင်္ဂနွေနေ့တို့က အဆိပ်ခတ်ခံရမှုကြောင့် ကျောင်းသူ ၈၀ နီးပါး အဆိပ်သင့်ကာ ဆေးရုံတင်ထားရကြောင်း PA သတင်းက ဖော်ပြသည်။

ကနဦး စုံစမ်းမှုများအရ ယင်းအဆိပ်ခတ်မှုကို အာဃာတရှိသူတစ်ဦးက တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုထား ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လတွင် တာလီဘန်တို့ အာဏာရလာကာ အာဖဂန်အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို စတင်ဖြိုခွဲပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုမျိုး ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တာလီဘန်တို အာဏာရလာပြီးနောက်တွင် မိန်းကလေးများကို ပညာသင်ကြားခွင့် ပိတ်ပင်ထားပြီး အမျိုးသမီးများကို အလုပ်အကိုင်အများစုနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် ပိတ်ပင်ထားသည်ဟု သိရသည်။