မာလီနိုင်ငံ၌ တာဝန်ထမ်းဆောင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ UN တပ်ဖွဲ့ဝင်များအား မာလီအစိုးရမှ ၎င်းတို့နိုင်ငံမှ ထွက်ခွာသွားရန် ပြောဆို

အာဖရိကတိုက်၊ မာလီနိုင်ငံ၌ တာဝန်ထမ်းဆောင်နေသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေသော ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ ၁၃၀၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ဝင် ၄၀၁ ဦး အား မာလီအစိုးရမှ ၎င်းတို့နိုင်ငံမှ ထွက်ခွာသွားရန် ပြောဆိုထားကြောင်း သိရှိရပြီး ထွက်ခွာရန်ကိစ္စနှင့်ပက်သက်၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ၃၀ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၌ မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။