ဗန်းမောက်မြို့နယ်၊ နောင်ကွတ်ကျေးရွာအနီးတွင် KIA/PDF အလောင်းနှင့် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိ

ဇွန်လ ၂၈ ရက်နေ့ (မနေ့က) နေ့လည် ၁၂ နာရီခွဲခန့်တွင် ဗန်းမောက်မြို့နယ်၊ နောင်ကွတ်ကျေးရွာ အနီးတွင် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိသော လုံခြုံရေးအဖွဲ့များနှင့် KIA/PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးအဖွဲ့များက ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်များမှာ ထွက်ပြေးသွားခဲ့ပြီး လိုက်လံရှင်းလင်းမှုများ ပြုလုပ်ခဲ့ရာမှ-

  • KIA/PDF အလောင်း- ၂ လောင်း
  • အမ်- ၂၂ သေနတ် -၁ လက်
  • အမ်-၂၂ ကျည်အိမ် -၁ ခု
  • အမ်-၂၂ ကျည် -၂၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။