ကန်ပက်လက်မှာ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ဧပြီလ ၃ ရက် နေ့လည် ၁၂  နာရီခွဲခန့်တွင် ကန်ပက်လက်မြို့နယ် ဖျန်ချောင်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည်  အကြမ်းဖက် CDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ-

  • စနိုက်ပါသေနတ် ၁ လက်
  • လက်လုပ် ၁၂ ဗို့ သေနတ် ၁ လက်
  • ကျည်မျိုးစုံ ၅၃ တောင့်
  • ကျည်အိမ် ၁ ခု
  • ယမ်းတောင့် ၅ တောင့်နှင့်
  • CDF တံဆိပ်ပါ ပြောက်ကျားယူနီဖောင်း ၂ စုံ တို့အား သိမ်းဆည်းရမိကြောင်း သိရှိရ။