EV လျှပ်စစ်ကားတွေကို မီးမလောင်အောင် ဘယ်လိုအချက်တွေကိုလိုက်နာဂရုပြုသင့်သလဲ

အားသွင်းရင်း EV ကားမီးလောင်မှုဟာကားပိုင်ရှင်ရဲ့အင်ဂျင်ပြောင်းလဲတပ်မှုကြောင့်ဖြစ်တယ်ဆိုပြီး ကားထုတ်လုပ်သည့် KHAING KHAING SANGDA GROUP LIMITED က သတင်းထုတ်ပြန်လိုက်ပါတယ်

KHAING KHAING SANGDA GROUP LIMITED ကထုတ်လုပ်ရောင်းချသော KSD အမှတ်တံဆိပ် ELECTRIC VEHICAL ယာဉ်သည်အောက်တိုဘာ ၅ ရက်နေ့ ည ၁၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာအားသွင်းရင်းပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တာပါ။

EV လျှပ်စစ်ကားတွေကိုမီးမလောင်အောင်ဘယ်လိုအချက်တွေကိုဂရုပြုလိုက်နာသင့်သလဲဆိုတာကိုကားရေးရာပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးရဲ့အကြံပေးချက်တစ်ခုကိုဗဟုသုတရစေဖို့အလို့ငှာမူရင်းရေးသားထားသည့်အာဘော်အတိုင်းပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မူလစက်ရုံထုတ်အတိုင်းမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပုံစံပြောင်းထားတဲ့ EV တစ်စီးညကအားသွင်းရင်းမီးလောင်တယ်။သက်ဆိုင်ရာစက်ရုံရဲ့ Warranty void ဖြစ်ထားတဲ့ကားလို့သိရတယ်။ဒီနေရာမှာ EV အသုံးပြုသူတွေအနေနဲ့ Warranty void မဖြစ်အောင်သတိထားစရာတွေရှိလာမှာဖြစ်တယ်။မူလစက်ရုံထုတ်အနေအထားကနေ Car DVRတွေ၊ 360 view တွေထပ်မံတပ်ဆင်ခဲ့ရင် Wiring လုပ်ရာမှာမူလကုမ္ပဏီရဲ့ကြီးကြပ်မှုနဲ့၊ ညွှန်ကြားမှုနဲ့တပ်ဆင်ဖို့လိုလာလိမ့်မယ်။

ယာဉ်မတော်တဆတိုက်ခိုက်မှုတွေဖြစ်လို့ ဘော်ဒီပျက်စီးမှုရှိရင်လည်းသက်ဆိုင်ရာကုမ္ပဏီက Safety ပိုင်းဆိုင်ရာတွေအရင်စစ်ဆေးပြီးမှ ဘော်ဒီပိုင်းပြုပြင်သင့်တယ်လို့ထင်တယ်။ ညကအားသွင်းရင်းမီးလောင်တဲ့ကားဆိုရင်အာမခံထားထားရင်တောင်မှ Warranty void ဖြစ်ထားလို့လျော်ကြေးပြန်ရမယ့်အနေအထားမမြင်ပါ။

နောက်တစ်ခုကအခုလိုကိုယ့်သဘောနဲ့ကိုယ်အကြီးစားပြုပြင်ပြောင်းလဲထားလို့ရသလား၊သက်ဆိုင်ရာကညွှန်ကြားချက်တွေထုတ်ထားသလား၊လိုက်နာအောင်ဘယ်လိုထိန်းသိမ်းကြပ်မတ်ထားသလဲစတာတွေပါ။ဒီအတိုင်းသာဖြစ်နေရင်တော့ခြံဝင်းအကျယ်မှာမဟုတ်ပဲလူနေထူထပ်တဲ့ရပ်ကွက်တွေရဲ့အိမ်ရှေ့၊တိုက်ရှေ့လမ်းပေါ်တွေမှာ EV တွေအားသွင်းတာကအန္တရာယ်အလွန်များပါတယ်။ဘေးနားကကားတွေ၊အိမ်‌တွေကိုလည်းမီးကူးစက်လောင်ကျွမ်းနိုင်ပါတယ်။မိမိအိမ်ယာအနီးအနားမှာ EV အားသွင်း‌တာတွေကိုမကြိုက်ကြတာတွေဖြစ်လာပါလိမ့်မယ်။

ဒီအဖြစ်ကနေပိုမိုကောင်းမွန်စိတ်ချရတဲ့တင်းကြပ်တဲ့အစီအမံတွေ၊ညွှန်ကြားချက်တွေထွက်လာဖို့ မျှော်လင့်မိပါတယ်။