၂၀၂၃ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဗန်းကိုင်များ ခေါ်ယူ

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် အကယ်ဒမီ ဗန်းကိုင်ဆောင်ရန် အမျိုးသား၊ အမျိုးသမီးများ လျှောက်လွှာများ ခေါ်ဆိုနေပြီဖြစ် ပါတယ်။
အကယ်ဒမီ ဗန်းကိုင်ဆောင်ရန် အသက်၁၆နှစ် ပြည့်ပြီးသူ၊ အသက် ၂၅နှစ် မကျော်သော ၊ အိမ်ထောင်မရှိသောသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတည်ရှိရာ ဝင်္ဂဘာလမ်းမှာသွားရောက်ထုတ်ယူနိုင်ကြောင်း သိရှိရပါတယ်။
အကယ်ဒမီဗန်းကိုင် ရွေးချယ်ခြင်း ခံရသူများအနေဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ ပါဝင်ခွင့်ရမှာဖြစ်သလို သီးခြား အနုပညာများ လုပ်ဆောင်နိုင်ရန် အစီအစဉ်များရှိကြောင်းလည်း သိရှိရပါတယ်။