အာဆင်နယ် ဖလားရသွားနိုင်တယ်လို့ ဂွာဒီယိုလာ ဝန်ခံ

အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းလိုမျိုး မျှော်လင့်ချက်ကြီးမားတဲ့ ဖိအားတွေ မခံရတာကြောင့် ဖလားပြိုင်ပွဲမှာ အားသာချက်တစ်ခုရှိတယ်လို့ ပက်ဂွာဒီယိုလာက ထင်မြင်နေပါတယ်။
လက်ရှိချန်ပီယံ စီးတီးဟာ ဒီနေ့ည ချယ်ဆီးနဲ့ အဝေးကွင်းပွဲကျန်မတိုင်ခင် ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်နဲ့ ၈မှတ် ကွာဟနေတာ ဖြစ်ပါတယ်။

စီးတီးအနေနဲ့ အမီလိုက်ရမယ့် ကွာဟချက်ကြီး ရှိနေပေမယ့်လဲ သူတို့က ဖလားရဖို့ ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၅ရာသီအတွင်း ဖလား၄ကြိမ် ရခဲ့တဲ့အပြင် သံသယဖြစ်စရာမရှိတဲ့ ဘဏ္ဍာရေးအင်အားတောင့်တင်းမှုကြောင့် သူတို့အသင်းကို မျှော်လင့်ချက်တွေ အများကြီး ထားရှိနေတာဖြစ်ပြီး အဲ့ဒါက ဖိအားတွေ ဖြစ်လာစေတယ်လို့ ဂွာဒီယိုလာက ဝန်ခံခဲ့ပါတယ်။

“အခုချိန် အာဆင်နယ်နဲ့ ယူနိုက်တက်ရဲ့ အားသာချက်က မန်စီးတီးအသင်းလိုမျိုး အမှတ် ၂၀ အသာနဲ့ ပရီးမီးယားလိဂ်ဖလားအောင်မြင်ဖို့ မျှော်လင့်ချက် အထားမခံရတာပဲ။ မျှော်လင့်ချက်တွေ ကြီးကြီးမားမား ထားခံရတာက တခါတလ ပြဿနာကြီးတစ်ခု ဖြစ်စေပါတယ်။ လူတွေက ‘အေးလေ၊ မင်းတို့က အင်အားကြီးမားတဲ့အသင်းပဲ’ဆိုပြီး ပြောကြတယ်။ ဟုတ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က သူတို့ရဲ့ ပွဲအားလုံးကို အနိုင်ရနေပြီး မင်းက သူတို့နောက်မှ ၇မှတ်,၈မှတ်လောက် ကွာဟနေတာဆိုတော့ အာဆင်နယ် ဖလားရသွားဖို့က ဖြစ်နိုင်ပါတယ်”လို့ ဂွာဒီယိုလာက မှတ်ချက်ပြုခဲ့တာပါ။

စီးတီးဟာ နောက်ဆုံးပွဲမှာ ရုန်းကန်နေရတဲ့ အဲဗာတန်နဲ့ သရေသာ ရရှိခဲ့ပေမယ့် အင်္ဂါနေ့က အာဆင်နယ်နဲ့ နယူးကာဆယ်တို့ရဲ့ သရေပွဲကြောင့် အရှုံးကို ပြန်ကာမိအောင်လုပ်ဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။

Credit