၂၀၂၂ ခုနှစ် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားတံခွန်စိုက်လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၂၈ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့အားကစားရုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ အားကစားနှင့် ကာယပညာဦးစီး ဌာနညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာအရာရှိကြီးများ၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြပါသည်။

အမျိုးသမီး ၄၈ ကီလိုတန်း ပြိုင်ပွဲတွင် အေးငြိမ်းထူး (အား/ လူငယ်) နှင့် ထန်နွမ်းကိန် (အား/လူငယ်) တို့ ယှဉ်ပြိုင်ကစားကြရာ အေးငြိမ်းထူး (အား/လူငယ်) ကလည်းကောင်း၊ အမျိုးသမီး ၅၀ ကီလိုတန်းပြိုင်ပွဲတွင် အိဖြူထွေး (ပြည်ထဲရေး)နှင့် မြမိုးသူ (ပြည်ထဲရေး) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြမိုးသူ (ပြည်ထဲရေး) က လည်းကောင်း၊ အမျိုးသမီး ၅၂ ကီလိုတန်း ပြိုင်ပွဲတွင် မေသဇင်ထူး (ပြည်ထဲရေး) နှင့် နန်းအေးဗွေဟွမ် (ရှမ်း/ တောင်ကြီးကလပ်) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နန်းအေးဗွေဟွမ် (ရှမ်း/တောင်ကြီးကလပ်) ကလည်းကောင်း၊ အမျိုးသမီး ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ခိုင်ဦး (ပြည်ထဲရေး) နှင့် ဆုမြတ်နိုး (PTC.ကလပ်) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ထက်ထက်ခိုင်ဦး (ပြည်ထဲရေး) ကလည်းကောင်း၊ အမျိုးသမီး ၆၀ ကီလိုတန်းပြိုင်ပွဲတွင် ကေသွယ်ငြိမ်း (PTC.ကလပ်) နှင့် ကိမ်ရှင်းဒိတ်ဆာန် (မန္တလေးတိုင်း) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကေသွယ်ငြိမ်း (PTC.ကလပ်) ကလည်းကောင်း၊ အမျိုးသား ၄၈ ကီလိုတန်းပြိုင်ပွဲတွင် မင်းဇော်ထွန်း (ကာကွယ်ရေး) နှင့် မောင်ရှိန်း (ပြည်ထဲရေး) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မောင်ရှိန်း (ပြည်ထဲရေး) ကလည်းကောင်း၊ အမျိုးသား ၅၁ ကီလိုတန်းပြိုင်ပွဲတွင် ပြည့်စုံ (တပ်မတော်-လေ) နှင့် လင်းထွဋ်ပိုင် (အား/လူငယ်) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ လင်းထွဋ်ပိုင်(အား/လူငယ်) ကလည်းကောင်း၊ အမျိုးသား ၅၄ ကီလိုတန်းပြိုင်ပွဲတွင် ကျော်မင်းထွန်း (ပဲခူးတိုင်း) နှင့် ဇော်မြင့်မိုး (ပြည်ထဲရေး) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဇော်မြင့်မိုး (ပြည်ထဲရေး) ကလည်းကောင်း၊ အမျိုးသား ၅၇ ကီလိုတန်း ပြိုင်ပွဲတွင် နိုင်လတ် (အား/လူငယ်) နှင့် ဂေမောင်း (မန္တလေးတိုင်း) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ နိုင်လတ် (အား/လူငယ်) ကလည်းကောင်း၊ အမျိုးသား ၆၀ ကီလိုတန်းပြိုင်ပွဲတွင် မင်းနိုင် ကျော်ဇင် (ပြည်ထဲရေး) နှင့် စောဘွယ်ကလို (ပြည်ထဲရေး)တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ စောဘွယ် ကလို(ပြည်ထဲရေး)က လည်းကောင်း၊ အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်း ပြိုင်ပွဲတွင် ကျော်မင်းဦး (ကာကွယ်ရေး)နှင့် သီဟဇော် (အား/ လူငယ်) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကျော်မင်းဦး (ကာကွယ်ရေး) ကလည်းကောင်း၊ အမျိုးသား ၆၇ ကီလိုတန်းပြိုင်ပွဲတွင် ဇွဲဝေ လျှံဖြိုး(မန္တလေးတိုင်း)နှင့် သူရဖြိုး (Gold Camp)တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဇွဲဝေလျှံဖြိုး (မန္တလေးတိုင်း)ကလည်းကောင်း၊ အမျိုးသား ၇၁ ကီလိုတန်းပြိုင်ပွဲတွင် ဝင်းမင်းထွန်း (ကာကွယ်ရေး) နှင့် အောင်သူ (မန္တလေးတိုင်း) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အောင်သူ (မန္တလေးတိုင်း) ကလည်းကောင်း၊ အမျိုးသား ၇၅ ကီလိုတန်းပြိုင်ပွဲ တွင် သုတ (မန္တလေးတိုင်း) နှင့် ရဲဝင်းနိုင် (ကာကွယ်ရေး) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ သုတ (မန္တလေးတိုင်း)က လည်းကောင်း၊ အမျိုးသား ၈၀ ကီလိုတန်းပြိုင်ပွဲတွင် အောင်ဆွေမွန်(ပြည်ထဲရေး)နှင့် အောင်ပြည့်ဖြိုး (ကာကွယ်ရေး) တို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အောင်ဆွေမွန်(ပြည်ထဲရေး)က လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကီလိုတန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့်ပူးတွဲ တတိယဆုရရှိခဲ့ကြသူများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အမျိုးသမီး အကောင်းဆုံးအားကစားသမား ဆုရရှိခဲ့သော အေးငြိမ်းထူး (အား/လူငယ်) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက အမျိုးသား အကောင်းဆုံး အားကစားသမားဆုရရှိခဲ့သော စောဘွယ်ကလို (ပြည်ထဲရေး)ကို လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့်သည်။

လူငယ်/လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စိတ်ဓာတ်၊ စွမ်းရည်၊ သတ္တိနှင့် ပြည့်စုံ၍ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့ကိုယ်စားပြု သွေးသစ်အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။