ဆေးဗိုလ်မှူးအယောင်ဆောင် ခြိမ်းခြောက်ငွေတောင်းနေသူအား ဖမ်းဆီးရမိ

မေလ ၂ ရက်နေ့ ည ၉ နာရီကျော်ခန့် ဆေးဗိုလ်မှူးအယောင်ဆောင်သူ ကောင်းမြတ်ထွဋ်(ခ)လိုဂိုမန်း အား တာမွေမြိုနယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ဒေါ်ဆာကြူဓါအိမ်ကို ဆေးဗိုလ်မှူး Uniform ဝတ်ပြီး ခြိမ်းခြောက်ငွေတောင်းနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။

ဖြစ်စဉ်မှာ ကောင်းမြတ်ထွဋ်ဟာ Aircon Service လုပ်ကိုင်ပြီး နေအိမ်တိုက်ခန်းတွေကို တော်တော်များများ ရောက်ဖူးကြောင်း၊ ၂၀၂၂ လောက်မှာ ထောက်ကြန့်က ကောင်မလေးနဲ့ Imo App မှာစကားပြောမိပြီး မိမိမှာ ဆေးဗိုလ်မှူးဖြစ်ကြောင်း လိမ်ညာခဲ့ပါတယ်။ ကောင်မလေးက အဲဒါဆို Uniform ဝတ်ပြဆိုတော့ မင်္ဂလာဒုံဈေးမှာ ပျောက်ကြား Uniform နဲ့ အဆင့်တံဆိပ်တွေပြေးဝယ် ပျောက်ကြား Uniform ဝတ်ပြီး ကောင်မလေးထံ ပုံပိုတော့ “စစ်ဆရာဝန်မှန်ရင် .. ပျောက်ကြား မဝတ်ဘူး”ဆိုလို မင်္ဂလာဒုံဈေးကို ထပ်ပြေးပြီး ဆာဖာရီ Uniform နဲ့ ရွှေရောင်အဆင့်တံဆိပ်တွေ ထပ်မံဝယ်ယူခဲ့ပါတယ်။ Service တန်း ဇောက်ထိုးတပ်ထားလို့ “ဗိုလ်တု”ဆိုပြီး ကောင်မလေးက အဆက်အသွယ် ဖြတ်တော့ အသဲကွဲရတယ်။ နောက်တော့ မော်လမြိုင်က ညီမဖြစ်သူကို သွားခေါ်ဖို့ ငွေလိုတဲ့အတွက် မိုင်းအတုလုပ်ပြီး ခြိမ်းခြောက်ငွေတောင်းရန် ၄ လွှာမှာရှိတဲ့ ဒေါ်ဆာကြူဓာအိမ်ကိုလာစဉ် ပထမထပ်မှာ Uniform ကိုဝတ်ခဲ့ပြီး တက်တယ်။ “ဧည့်စာရင်း စစ်စရာရှိတယ်”ဆိုပြီး ဧည့်စာရင်းစာရွက်တောင်းရာ မရှိဘူးဆိုလို ငွေ ၁ သိန်းပေးရန်ပြောတယ်။ ဒါဆိုခဏစောင့် K Pay က ထုတ်ပေးမယ်ဆိုပြီး အိမ်ရှင်က လုံခြုံရေးကို ဖုန်းဆက်တိုင်လိုက်လို့ သူကလုံခြုံရေးတွေ ရောက်လာတော့မှန်းသိတော့မှ လှေကားရင်းမှာ မိုင်းတုချ၊ အရပ်ဝတ်ပြန်လဲ ဆင်းပြေးရင်း အဖမ်းခံလိုက်ရပါတယ်။

ဒီဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်
တပ်မတော်ကို သိက္ခာချရန် Uniform ဝတ်ပြီး အယောင်ဆောင်လူလိမ်တွေကို ပြည်သူတွေအနေနဲ့ အယုံမလွယ်ကြဖို့နဲ့ ဧည့်စာရင်းစစ်မယ်ဆိုလဲ ရပ်ကွက်လူကြီးနှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါမှ တံခါးဖွင့်ပေးကြဖို့ လိုပါတယ်။
စစ်ပစ္စည်းကို အလွယ်တကူဝယ်လို့ရနေတဲ့ မင်္ဂလာဒုံဈေးဆိုင်တွေကိုလည်း ပိတ်သိမ်းသင့်ပြီ ဒါမှမဟုတ်လည်း အခုလိုမျိုး အလွယ်ဝယ်လို့မရအောင် စည်းမျဉ်း စည်းကမ်းတွေချမှတ်ထုတ်ပြန်သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ တပ်မတော်ပုံရိပ်ကျဆင်းအောင် လုပ်ချင်တဲ့သူတွေရဲ့ အကွက်ထဲရောက်နေလိမ့်ဦးတော့မည်ဖြစ်ပါတယ်။