ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ ရ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတိုက မေလ ၁၉ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သိုသွားရောက်၍ မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ်သင့် ပါတီဝင်များကလည်း မိမိတို ရပ်/ကျေး အခြေအနေများနှင့် ပျက်စီးဆုံးရှုးနေမှုများကို တင်ပြခဲ့ကြရာ ပါတီဥက္ကဋ္ဌကြီးမှ လိုအပ်သည်များကို ညှိနှိင်းဆောင်ရွက် လမ်းညွှန်ပေးခဲ့သည်ဟုဆိုသည်။

ထို့ပြင် ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ပျက်စီးသွားသည့် ပါတီဝင်များ၏ နေအိမ်များသိုသွားရောက်ခဲ့ကြပြီး မိသားစုဝင် များကို အားပေးစကားများ သွားရောက်ပြောကြားခဲ့ကြောင်း သိရသည်။