သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်း ခံရသည့် ဆရာတော်ကြီး ၅ ပါးအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသည့် ဆရာတော်ကြီး ၅ ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ခန်းမဆောင်၌ ပြုလုပ်ရာ အဘိဓဇမဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် ဩဝါဒါစရိယ ကျောက်ဖြူမြို့ နဂါးကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသ အမှူးပြုသော မြို့နယ်အသီးသီးမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် ခြင်းခံရသည့် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။