အင်းစိန်မြို့နယ်တွင် YBS (၆၁) ယာဉ်တစ်စီး မီးလောင်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်းတွင် ခရီးသည်တင်ယာဉ် YBS (၆၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီး မီးလောင်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ခုန်ဆင်းထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်

ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အနောက်ပိုင်းနည်းပညာ တက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲလျက်ရှိသည့် YBS (၆၁) ယာဉ်တစ်စီးမှာ အောင်ဇေယျတံတားအဆင်းသို့အရောက် အင်ဂျင်ခန်းမှ မီးခိုးများထွက်ပြီး အပူလွန်ကဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်များ ဆင်းပြေးခဲ့ရပြီး မီးကို အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ဧပြီ (၁၀) ရက် နံနက်အစောပိုင်း (၃)နာရီ၊ (၅၄)မိနစ် အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဝါယာလက်(၂)လမ်းထိပ်တွင် Pro box ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

Crd to PAN