ပြည်သူတွေရဲ့ ပစ္စည်းများကိုခိုးယူနေတဲ့ KNLA/PDFများ

မြဝတီမြို့ပေါ်တွင် အကြမ်းဖက်လက်နက်ကိုင် KNLA/PDF များအနေဖြင့် ဒေသခံပြည်သူတို့၏ နေအိမ်ဆိုင်ခန်းအများအပြား ဖောက်ထွင်းခိုးယူခံနေရတယ်လို့ အမည်မဖော်လိုသူ မြဝတီမြို့ခံတစ်ဦးကသတင်းပေးပို့လာခဲ့ပြီး တော်လှန်ရေးအောင်မြင်ရန်အတွက် ပြည်သူတွေဘက်က အနစ်နာခံပေးရန်နှင့် PDF များ ပစ္စည်းခိုးယူပါက နားလည်ခွင့်လွှတ် ပေးရန် KNLA က တောင်းဆိုခဲ့တယ်လို့ ပြောဆိုထားပါတယ်။ အကြမ်းဖက်တွေအနေဖြင့် တော်လှန်ရေးဗန်းပြပြီး ပြည်သူတွေရဲ့ နေအိမ်အတွင်းက တန်ဖိုးကြီး ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို ခိုးယူလျက်ရှိနေခြင်းကြောင့် ပြည်သူတွေအနေဖြင့် ဒုက္ခမျိုးစုံးခံစားနေရကြောင်းလည်း သိရှိရပါတယ်။