ကိုယ်သိထားရမယ့် အရာများ

ဝေဖန်ခံရမှ လူရာစ ဝင်တာမို့လို့
အရှုံးမပေးပဲ ဆက်လျှောက်ပါ။

တိုက်ခိုက်ခံရမှ အောင်မြင်တာမို့လို့
သည်းခံပြီးတော့ နေလိုက်ပါ။

ထင်မြင်စွပ်စွဲခံရမှ ရင့်ကျက်တာမို့လို့
သင်္ခန်းစာယူပြီး ရှေ့ဆက်ပါ။

ဆိုးကျိုးတွေဟာ အကြွေးတွေဖြစ်လို့
အကုန်အမြန်သာဆပ်လိုက်ပါ။

အမုန်းဆိုတာ အရှုံးတွေတာဖြစ်လို့
ကိုယ်မပွားမိအောင် ကြိုးစားပါ။

အမျက်တွေဟာ အပြစ်တွေသာဖြစ်လို့
အနှစ်ဖြစ်အောင်သာ ပြုပြင်ပါ။

အနှောင်ဖွဲ့တွေဟာ မွန်းကြပ်စေလို့
စိတ်လွတ်လပ်မှုနဲ့ ရှင်သန်ပါ။

သူများအကြောင်းတွေဟာ
အကုသိုလ်ဖြစ်ရပြီး အချိန်ကုန်ရလို့
မစပ်စုဖြစ်အောင် နေထိုင်ပါ။

အလိုဆိုးတွေဟာ မပြည့်ဝတတ်လို့
ရောင့်ရဲစိတ်နဲ့ ချမ်းသာစေပါ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏