တရုတ်သံအမတ်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဧပြီလ ၁၀ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပါတယ်။

ထိုသိုတွေ့ဆုံစဥ် မြန်မာနိုင်ငံပြည်တွင်းပဋိပက္ခရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှုဖော်ဆောင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး စသည့်အကြောင်းအရာများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။