Football Manager 2024 ဂိမ်းကို နိုဝင်ဘာ၆ ရက်တွင် စတင်ရယူနိုင်မည်

EA Sports FC24 နဲ့ အတူ အပြိုင်ဖြစ်လာမယ့် ‌Football Manager 2024 ဂိမ်းကို သတ်မှတ်အချိန်ထက် ပိုပြီးစောစီးစွာဆော့ကစားနိုင်မ ယ်လို့ သတင်းထွက်ပေါ်ခဲ့တဲ့အတိုင်း များမကြာသောကာလအတွင်း Beta ဗားရှင်းထွက်ရှိမှုနဲ့အတူ နိုဝင်ဘာ ၆ရက်နေ့တွင် စတင်ရယူနိုင် တော့မှာဖြစ်တယ်လို့ Official Website ရဲ့ အတည်ပြုချက်အရ သိရပါတယ်။

pcgamesn.com ရဲ့ဖော်ပြချက်မှာတော့ အချိန်ကာလတစ်ခုအထိ စမ်းသပ်မှုတွေပြုလုပ်နေဆဲဖြစ်ပေမယ့် အောက်တိုဘာ ၂၃ရက်နေ့မှာ Beta ဗားရှင်းထွက်ရှိမှုနဲ့အတူ နောက်ဆုံးအဆင့်စစ်ဆေးမှုတွေပြုလုပ်ပြီးပါက အပြီးသတ်နိုင်ခြင်းနဲ့အတူ ဆော့ကစားနိုင်တော့မှာဖြစ်တ ယ်လို့ ဖော်ပြခဲ့တာပါ။

အသစ်ထွက်ရှိလာမယ့် ‌Football Manager 2024 ဂိမ်းကို PlayStation 5၊ PlayStation 4၊ Nintendo Switch၊ Xbox One၊ MacOS၊ Xbox Series X and Series S၊ Microsoft Windo နဲ့ Mac Operating Systems တွေမှာ ဆော့ကစားနိုင်မှာဖြစ်ပြီး PC ဗားရှင်းအဖြစ်ဦး ဆုံးကစားနိုင်မှာလည်းဖြစ်ပါတယ်။

Mobile Platform မှာ ဆော့ကစားမယ့်သူတွေကတော့ Netflix ရဲ့ အတည်ပြုချက်နဲ့အတူ အချိန်ကာလအနည်းငယ်ကွာခြားပြီးမှဆော့က စားနိုင်မှာဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေပြန်ပါတယ်။ အထူးသဖြင့် Netflix App ကနေ စတင်ဖြန့်ဝေမှာဖြစ်ပြီး တစ်ကမ္ဘာ လုံးအနှံ့ကစားသမားပေါင်း သန်း၂၃၀ ကျော်က Download ရယူဖို့ အသင့်ဖြစ်နေပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။