ဖေးမကူညီဆောင်ရွက်ပေးမည်

ကမ်းရိုးတန်းဒေသတိုင် းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဝဲကျွန်း ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၅ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လက်ပံတန်းစုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၃ ပါးနှင့် ဒေသခံပြည်သူ ၁၉၃ ဦးတို့ကို လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ မန္တလာ ကျေးရွာ၊ ကလေးမြို့နယ်ရှိ နှောညောင်ပင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၃၆၇ ဦးတို့ကိုလည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲ ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၁၃၄ ပါးနှင့် ဒေသခံပြည်သူ ၁၂၁ ဦးတို့ကိုလည်းကောင်း သတ်မှတ်နေရာအသီးသီး၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။