ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့တဲ့ ရုရှားနိုင်ငံသားမာခါရှက်ဖ်

ယနေ့မနက်အစောပိုင်းက အဘူဒါဘီတွင် ကျင်းပခဲ့သည့် UFC 294 ပြိုင်ပွဲ၏ လိုက်ဝိတ်တန်းကမ္ဘာ့ ချန်ပီယံပွဲစဉ်တွင် လက်ရှိချန်ပီယံဖြစ်သူ ရုရှားနိုင်ငံသားမာခါရှက်ဖ်က ပြိုင်ဘက် သြစတြေးလျနိုင်ငံသား ဗော်ကာ​​​​နော့ဗ်စကီးကို ပထမအချီတွင် အလဲထိုးဖြင့်အနိုင်ယူကာ ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့ကြောင်းသိရသည်။

အခြားပွဲစဉ်တစ်ပွဲဖြစ်သည့် မစ်ဒယ်ဝိတ်တန်းပွဲစဉ်တွင် ရုရှားနိုင်ငံသား ချီမာ့ဗ်က နိုင်ဂျီးရီးယားနိုင်ငံသား အူစမန်ကို အမှတ်ဖြင့်အနိုင်ယူခဲ့ကြောင်းသိရသည်။

crd;eleven