စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေကျပ် ၂၃၉ သန်းကျော် ပေးအပ်

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၂ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ်ညီလာခံခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အနေဖြင့် ယခင်က အသက် ၇၅ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များကိုသာ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် တစ်ကြိမ် ထောက်ပံ့ပေးခဲ့ပြီး ယခုအခါ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တိုးမြှင့်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား) ၏ ပြောကြားမှုအရ သိရသည်။

အဆိုပါ အခမ်းအနား၌ အသက် ၈၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၄၇၈၁ ဦးအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၃၉ ဒသမ ၀၅ သန်းကို ထောက်ပံ့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

𝙢𝙝𝙩𝙣𝙚𝙬𝙨