Once a Soldier
Always a Soldier

တကယ့်စစ်သား အာဂစစ်သား ဟန်ပန်တွေထုတ် ၊ပတီးပတားတွေ မပြောတတ်ဘူး
မြေခင်းတထည်ခြုံရရုံ နဲ့ ဘဝတခုလုံးနွေးထွေးနိုင်တယ်

တကယ့်စစ်သား.

သေနတ်တစ်လက်
တာဝန်တွေတပုံကြီးထည့်ထားတဲ့
ကျောပိုးအိတ် နဲ့.
တောတွေတိုး. တောင်တွေကျော်
မိုင်ပေါင်းများစွာ ခရီးတွေဆက်
ဟိုး မှာ. မြင်နေရတဲ့
” ထာဝရ ငြိမ်းချမ်းရေး ” ဆိုတဲ့
အရပ်ဆီ အထိပေါ့..

တကယ့်စစ်သား..

မြေကိုသင်ဖြူး ဆူးကိုမွေ့ယာ
ဒါးလှီးထမင်း လက်တကမ်းဟင်းတွေနဲ့
ရဲဘောရဲဘက်စိတ်တွေ ပြည့်လျှံ ဖိတ်ကျ
သိပ်လှတဲ့ဘဝ တွေပေါ့..

တကယ်စစ်သား..

ဟိုပေါကားတွေထဲကလို
အာရာဖတ်..လန်ခရူဆာနဲ့” ဘဝဆိုတာ တိုက်ပွဲ “လို့
သူလိုရာ ဆွဲ မတွေးဘူး..
တိုက်ပွဲတွေက ဘဝမဖြစ်စေဖို့ တိုက်ပွဲကြားက ဘဝတွေလုံခြုံဖို့
အဓိကလေ

တကယ့်စစ်သား..

ကင်း..ကျင်း..ထမင်း
ဂျနီဗာကွန်ဗန်းရှင်းတွေနဲ့ ရဲဘော်ရဲဘက်စိတ် ပြည့်လျံ…
သူထံမှာ..
လူအများကိုးကွယ်နေတဲ့ ဒုတိယ ဘုရားသခင်ဟာ
အိမ်သာသုံးစက္ကူ တစ်ရွက် အလား
တန်ဖိုးမဲ့ပေါ့..

တကယ့်စစ်သား……

နွေ မိုး ဆောင်း ရာသီတွေ ဘယ်လိုပြောင်းသွားလဲ
ငါ့ ဇနီး သားသမီးနဲ့ အမျိုးတွေ ဘယ်လိုနေကြလဲဆိုတာထက်
ငါဆိုခဲ့တဲ့ .. သစ္စာ
ပေးခဲ့တဲ့ ကတိတွေ အတွက်
လိပ်ပြာလုံဖို့ အတွေးသမိုင်းအသစ်တွေ ရေးရင်းနဲ့ပေါ့

တကယ့်စစ်သား..

သူ တွေးထားတဲ့
Human Rights ဆိုတာကြီးမှာ
သူမပါတာ မသိ
သူ့အတွက် ဗလာနတ္တိပေါ့..
အတ္တမပါတဲ့ သူ့အတွေး မင်း ရေးရေးပဲ တွေးကြည့်စမ်းကွာ

” ဖက်ကြမ်း စည်သွတ်၊ ဘီစကွတ် နဲ့
တပည့်တွေအတွက် ပါတီတွေကျင်းပ
သေနတ်သံ ကင်းရမယ်ကွ ” တဲ့

တကယ့်စစ်သား..
အရာရာကို ထောက်ထားပေမယ့်
တောကြောင်တွေ မီးမလောင်ပဲ
လက်ခမောင်းခတ်တော့..
သူတိုအသက်တွေ လောင်းကြေးထပ်ရပြန်တယ်..
စစ်တုရင်ခုံပေါ်က ပွန်း
သွေးတွေအထပ်ထပ် စွန်းပေါ့.

တကယ့်စစ်သား..

နိုင်ငံရေးကစားကွက်ဆန်း တွေနဲ့
ချိုး ဖြူ ငှက်ကိုသတ် အာဏာယစ်မူးသူတွေရဲ့
ကောက်ကျစ်မှုတွေကြားမှာ ငြိမ်းချမ်းရေးဆိုတာ
အရမ်းအလှမ်းဝေးနေဆဲပေါ့..

စကားသံတွေအစား သေနတ်သံတွေပဲ ကြားနေရတော့
သူ့ခြေလှမ်းတိုင်း ..
သူ့ခြေလှမ်းတိုင်း..
လမ်းတစ်ဝက်မှာ အားအင်ချိနဲ့လို့

လူသားချင်းစာနာမှုဟာ
စစ်သားတွေမှာပဲ မရှိသလိုလို..
ကမ္ဘာမီးလောင်တာ မမြင်ဘူးပေမယ့် ချနင်းခံရတဲ့ သားကောင်တွေကတော့ အလဲလဲအပြိုပြို နဲ့လေ.

အရိုးပြိုင်းပြိုင်းထနေတဲ့ နိုင်ငံ့ပိုင်နက်
ကာကွယ်ရင်း အသက်စွန့်နေတဲ့
သူရဲကောင်းတွေရဲ့ လဲလျောင်းရာမြေ
ဟိုးမှာ.ကြည့်စမ်းကွာ..

အစိမ်းရောင် မြေပုံလေးတွေက
သက်သေပေါ့..

တကယ့်စစ်သား…….

မင်းဝံ့ကြွားစမ်းကွာ
သုံးရောင်ခြယ် အလံကို မြေမှာ စိုက်
ရည်မှန်းချက်ကို ငါတို့သိမ်းပိုက်ခဲ့ပြီ

မင်းတိုအတွက်အလေးထား
ငါတို့ရေးထိုးထားခဲ့တာက..

စွန့်လွတ်စွန့်စားဝံ့သူတို၏နေရာ..

အမွန်မြတ်ဆုံးသော စွန့်လွတ်ခြင်း၏ တုနှိင်းဖွယ်မရှိသောဂုဏ်ဒြပ် တဲ့..

သေအံ့မူးမူးနဲ့ မင်းတို့
ဂုဏ်ယူပြီး ထကြည့်စမ်းကွာ

တောင်လိုပုံနေတဲ့ သူရဲကောင်းအရိုး
ကမ္ဘာတုန်အောင် တွန်ပြလိုက်ကြစမ်းကွာ..

ရဲသော်မသေ သေသော် ငရဲမလား ဆိုတာ
ကမ္ဘာကကြားအောင် ဝံ့ကြွားလိုက်စမ်းကွာ

တကယ့်စစ်သား..

ဘဝတွေ ခါးနေတာ စစ်ကိုမုန်းနေတာ
မင်းတို့ သိကြမလား သူတိုပြောတဲ့ရင်ထဲကစကား
မင်းတို့ကြားနိုင်မလား

သေသည်အထိ ပြောနေတဲ့ စကား
မင်းတို ကြားဖူးပြီး မှတ်သားထားပေါ့

သူတိုပြောတဲ့ စစ်သားစကား
ရင်ထဲမှာသိမ်းဆည်းထားပေါ့

ရိုးရှင်းလှတဲ့သူတို့စကား.

Once a Soldier
Always a Soldier တဲ့..

ဒီကဗျာလေးနဲ့ စစ်သည်အားလုံးအား အလေးပြုဦးညွတ်ရင်းပြန်လည်ကူးယူဖော်ပြပါသည်။ #Crd