CRPH၊ NUG နှင့် ၎င်းတို့လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား ပြုလုပ်ခဲ့သူများအားအရေးယူ

CRPH၊ NUG နှင့် ၎င်းတို့လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား ပြုလုပ်ခဲ့သည့်-

(၁) မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီး တံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်နေ စိုးမြတ်နွယ်သည် ၎င်းအသုံးပြုသည့် “Soe Myat Nwe” Tik Tok အကောင့်၊

(၂) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ဖြိုးဝေအောင်သည် ၎င်းအသုံးပြုသည့် “Phyo Wai Aung” Facebook အကောင့်၊

(၃)အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်နေ ဝိုင်းမင်းခန့်(ခ)ဝတုတ်သည် ၎င်းအသုံးပြုသည့် “Waing Min Khant” Facebook အကောင့်၊

(၄) မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဗိုလ်ဗိုလ်နိုင်ဝင်း(ခ)ဗိုလ်ဗိုလ်သည် ၎င်းအသုံးပြုသည့် “Bo Bo” Facebook အကောင့်၊

(၅) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၆) ရပ်ကွက်နေ ဇင်ဘိုမြင့်သည် ၎င်းအသုံးပြုသည့် “Zin Bo Myint” Facebook အကောင့်၊

(၆) ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေသူများဖြစ်သည့် မိုင်ဆမ်လူ (ခ)ဆမ်လူ၊ ကြယ်ကလေးနှင့် စိုင်းလောဝ်တို့ ၃ ဦးသည် ၎င်းတို့အသုံးပြုသည့် Tik Tok အကောင့်များနှင့်

(၇) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ခင်ချိုထွေးသည် ၎င်းအသုံးပြုသည့် “Khin Cho Htwe” Facebook အကောင့်တို့သည် အသိပေး သတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။