ရေးမှာ မီးရထားသံလမ်း ၁၀၀ ချောင်းဖမ်းမိ



ရေးအထွက် ပြည်သူ့စစ်စစ်ဆေးရေးဂိတ်တွင် ၁၀ ဘီးယာဉ် 3B/5284အားစစ်ဆေးစဉ် မီးရထားသံလမ်းပိုင်း ၁၀၀ အား အုန်းလက်များဖုံးပြီးသယ်ဆောင်လာသည်ကို တွေ့ရှိရ။

အဆိုပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက့်အားစစ်ဆေးခဲ့ရာ မီးရထားဌာနက သယ်ယူခြင်းမဟုတ်ဘဲ တရားမဝင်ခိုးယူသယ်ဆောင်လာခြင်းဖြစ်ပြီး ရေးမှ ရန်ကုန်မြို့သို့ ဆောင်ရန်ရေးကထွက်ခွါလာစဉ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းစိစစ်သိရှိရပါသည်။