ပရိသတ်ကရေနဲ့ပက်လို့ မိုက်နဲ့ကောက်ပေါက်ခဲ့တဲ့ Cardi B


အမေရိကန်က အောင်မြင်တဲ့ အဆိုတော် Cardi Bကတော့ သူမကိုလာထိရင် ဘယ်တုန်းကမှငြိမ်ခံနေမှာ မဟုတ်ဘူးဆိုတဲ့ ဇက်ဇက်ကြဲ အနုပညာရှင်တစ်ယောက်ပါ။

စနေနေ့တုန်းက လာ့စ်ဗီးဂတ်မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲအတွင်း စင်အောက် ပွဲခင်းထဲကနေ သူမအား ရေရေ ပက်ခဲ့တာကို အဆိုတော် Cardi B က မိုက်ခွက်နဲ့ အားပါးတရပစ်ပေါက်ခဲ့တဲ့ မြင်ကွင်းရုပ်သံဗွီဒီယိုဖိုင်တွေက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပါတယ်။