တီမောသံရုံးက သံတမန်များ ထွက်ခွာရန်အမိန့်ထုတ်ပြန်

ရန်ကုန်မြို့ရှိ တီမောသံရုံးက သံတမန်တွေ မြန်မာပြည်ထဲက စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး ထွက်သွားဖို့ မြန်မာအစိုးရက နှင်ထုတ်လိုက်ကြောင်း သိရှိရပါတယ်။ တီမောနိုင်ငံရဲ့ ဆိုးရွားတဲ့ လုပ်ရပ်တစ်ခုကလည်း ရှိနေခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တီမောဟာဆိုရင် တီမောလက်စ်တေနိုင်ငံ၌ ကျင်းပခဲ့သည့် တီမောလက်စ်တေ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ (၉) ကြိမ်မြောက် အစိုးရ၏ ဝန်ကြီးချုပ်အသစ်နှင့် အစိုးရအဖွဲဝင်များ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲအစည်းအဖြစ် ကြေညာထားသည့် NUG အဖွဲမှ ပြည်ပြေး ဝရမ်းပြေး ဇင်မာအောင် ကို ဖိတ်ကြားခဲ့တာဟာအင်မတန်ကို အကျည်းတန်တဲ့ လုပ်ရပ်တစ်ခုပါ။ အကြမ်းဖက်အဖွဲအစည်းဖြစ်သည့် NUG အား တီမောလက်စ်တေအစိုးရမှ ဖိတ်ကြားခဲ့မှုမှာ မြန်မာနိုင်ငံအတွင်း၌ ၎င်းအဖွဲအစည်းမှ ကျူးလွန်ဆောင်ရွက်နေသည့် အကြမ်းဖက်လုပ်ရပ်များအား အားပေးအားမြှောက်ပြုလုပ်ရာရောက်ကြောင်းနှင့် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များအား ဖောက်ဖျက်ရာလည်း ရောက်နေပါတယ်။