PDF အလင်းဝင် ၅၃၅ ဦးထိရှိလာပြီ

နစကအစိုးရအနေနဲ့ အဖွဲ့အစည်းအသီးသီးမှာ ရှိနေတဲ့ PDF အကြမ်းဖက်သမားတွေကို အလင်းဝင်ဖို့ဖိတ်ခေါ်ချက် ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း PDF အလင်းဝင်များ များပြားလာခဲ့ကြောင်းသိရပါတယ်။ ဒါကြောင့် ဇွန်လ ၅ ရက်နေ့အထိ အကြမ်းဖက်လုပ်ရပ်များကို ရွံမုန်းကာ အမြင်မှန်ရလာပြီး အလင်းဝင်လာတဲ့ PDF အမျိုးသား (၄၀၁)ဦးနှင့် အမျိုးသမီး(၁၃၄)ဦး စုစုပေါင်း (၅၃၅)ဦးထိ ရှိလာပြီဖြစ်ကြောင်းသိရှိရပါတယ်။