KhitThit ကရေးတဲ့ ရေတာရှည်မြို့နယ်မှာ တပ်မတော်သား ၁၀ ဦးထက်မနည်း သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးကျေးရွာမှ စစ်ကြောင်းထိုးလာသော အင်အား ၅၀ ခန့်ပါ တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ယင်းနောက် ပူးပေါင်းချေမှုန်းရေး တပ်စိတ်က ထိရောက်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရာ တပ်မတော်ဘက်မှ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၃ ရက်နေ့တွင် ပဲခူးတိုင်း၊ရေတာရှည်မြိုနယ်၊စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF များ မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တစ်စိတ်ကိုတစ်အိတ်လုပ်ကာ သတင်းအမှားလုပ်ကြံ၍ စစ်သား ၁၀ ဦးသေဆုံးကာ ၁၆ ဦးဒဏ်ရာရတယ်လို့ အရှက်မဲ့စွာရေးသား
ထားခြင်းသာ ဖြစ်ပါတယ်။
Misinformation
FACT-CHECK
https://t.me/factcheckmm