မြင်းမူမြို့နယ်တွင် ဖြစ်ပွားသော တိုက်ပွဲမှာ စစ်သား ၃၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၃ ရက် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာထိပ်ရှိ ဇရပ်အနီး ယနေ့နံနက်အစောပိုင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်သား ၃၀ ခန့် မျက်မြင်သေဆုံး သွားကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၃ ရက်နေ့၌ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA/ PDF များ ထိတွေ့တိုက်ပွဲခဏသာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ထိတွေ့တိုက်ပွဲမှာ ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ KIA/PDF တွေ အရှက်ပြေအောင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၀ ခန့် သေဆုံးတယ်ဆိုပြီး အစဉ်အလာမပြတ် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck