အမျိုးသမီးစစ်သည် ၅ ဦး ထွက်ပြေးတယ်လို့ Ayeyarwaddy Times မှ သတင်းအမှားရေး

လေ့ကျင့်ရေးအရာရှိရုံးချုပ်၏ ညွှန်ကြားချက်ဖြင့် နေပြည်တော်ရှိ အကြမ်းဖက်နှိမ်နင်းရေးနှင့် အထူးတပ်ဖွဲ့သင်တန်းကို တက်ရောက်နေသည့် အမျိုးသမီးစစ်သည်များကို သင်တန်းနည်းပြများက လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်မှုများရှိနေပြီး အနိုင်ကျင့်မှုများရှိနေ၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က အမျိုးသမီးစစ်သည််ငါး ဦးထွက်ပြေးခဲ့ကြောင်း Ayeyarwaddy Times မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၃ ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တတက(၂)ကျောင်းမှ အကြမ်းဖက်နှိမ်နင်းရေးနှင့် အထူးတပ်ဖွဲ့သင်တန်းတွင် တက်ရောက်နေတဲ့ အမျိုးသမီးစစ်သည်များအနက် ၂ ဦးဟာ သင်တန်းဆက်လက်မတက်လို၍ ခွင်ပြုချက်မရဘဲ နေရပ်သို့ပြန်သွားခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းများအရ သိရှိရပါတယ်။ Ayeyarwaddy Times မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်ကို အပုတ်ချ၍ ဂုဏ်သိက္ခာညှိုးနွမ်းစေရန် ရည်ရွယ်ချက်ဖြင့် လူအများအထင်အမြင်မှားအောင် လိမ်ညာရေးသားထားခြင်းသာ ဖြစ်ပါတယ်။

Disinformation

FactCheck