အကျအဆုံး အကွဲအပြဲတွေနဲ့ သူတို့တော်လှန်ရေး

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း လက်နက်စွဲကိုင်တော်လှန်နေကြတဲ့ လက်နက်ကိုင်များအနေဖြင့် အစပိုင်းတွင် သူတို့အပေါ်မှာ ပြည်သူတွေအနေနဲ့ အထိုက်အလျှောက် ထောက်ခံမှုတွေရရှိခဲ့ကြသော်လည်း တဖြည်းဖြည်းချင်း လက်နက်အဖွဲ့အချင်းချင်း သတ်ဖြတ်မှုများ၊ ပြည်သူလူထုအပေါ် ဒလန်စွပ်စွဲသတ်ဖြတ်ခြင်းများ၊ တပ်မတော်စစ်ကြောင်းများရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အကျအဆုံးများပြားလာခြင်း နှင့် ထောက်ခံမှုများ အားနည်လာတာကြောင့် PDF တွေရဲ့ တော်လှန်ရေးဆိုတဲ့ ဟာကြီးက တဖြည်းဖြည်းချင်း မသိချင်ယောင်ဆောင်လာကြသူများလည်း များပြားလာနေပြီပဲဖြစ်ပါတယ်။ တိုက်ပွဲတွေ အများဆုံးဖြစ်နေတဲ့ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ PDF တွေအနေနှင့်လည်း တစ်နေ့တစ်နေ့ သေဆုံး/ဒဏ်ရာရ အရှင်ဖမ်းမိသည့် အကြမ်းဖက်တွေလည်း များပြားလာလျက်ရှိပြီး လက်နက်ခဲယမ်းတွေတင် ဒုက္ခရောက်နေကြသည်မဟုတ်ဘဲ စားနပ်ရိက္ခာများပါ ရှားပါးလာတာကြောင့် ငတ်မွတ်မှုတွေကို ခံစားနေကြရပါတယ်။ ဒါကြောင့်မို့ PDF များအနေဖြင့် ကျေးရွာများအတွင်း ဆက်ကြေးကောက်ခြင်း၊ မရပါက အိမ်အတွင်းဝင်ရောက်ယူဆောင်ခြင်း/ဓားပြတိုက်ခြင်းနှင့် မရပါက ဒလန်စွပ်စွဲသတ်ဖြတ်လျက်ရှိနေပါတယ်။ လူမှုကွန်ယက်တွေမှာ ထောက်ပို့အမည်ခံပြီး အလှူခံနေတဲ့ အဖွဲ့ကလည်း အလှူငွေရအောင် တိုက်ပွဲဖြစ်စဉ်မရှိဘဲ ဖန်တီး၍ အလှူခံခြင်း၊ လေလှိုင်းထဲတွင် PDF တွေပဲ နိုင်နေသယောင်ရေးသားခြင်း နှင့် အချို့သော ထောက်ပို့ PDF များအနေဖြင့် ရရှိလာသည့်ငွေကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြုလျက်ရှိပြီး တော်လှန်ရေးအကြောင်းပြုပြီး ကြီးပွားလျက်ရှိနေပါတယ်။ ဒါတွေကို မသိတဲ့ အောက်က PDF တွေကတော့ မြောက်ပေးတိုင်း ဂွေးတက်အောင် ကပြီး လုပ်နေကြတော့ မကြာပါဘူး မပြန်လမ်းကို ပဲရောက်ကုန်ကြတာ။ ဒီလို လူမသိသူမသိ သေနေကြရပေမယ့်လည်း လိုင်းပေါ်မှာတော့ သူတို့နိုင်နေပြီဆိုတာက ပါးစပ်ကမချဘဲ ကိုယ်ကျိုးအတွက် အလှူငွေရအောင်ပဲ လုပ်နေကြတာ။ အဲ့တော့ နောက်ဆုံး အောက်က ပုံလေးတွေလို အတုံးအရုံးတွေသေပြီး မြေဩဇာ ဘဝကိုရောက်သွားတာပေါ့။ ဒီလိုအကြောင်းတွေကို သိပြီး အမြင်မှန်ရတဲ့ သူတွေကလည်း ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး အခုတော့ သူတို့ဘဝတွေက အေးချမ်းနေရုံမက မိသားစုနှင့်ပါ နေထိုင်နေကြရတော့ ပိုလို့အဆင်ပြေနေကြတာပေါ့။