KIA အတွက် CDM ကပေးတဲ့ Suprise

KIA ဆိုတာလက်နက်ကိုင်အဖွဲ့တွေထဲမှာ တော်တော် နားလည်ရခက်တဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ CDM တွေလက်ခံတယ်၊ PDF တွေကို မွေးထုတ်ပြီး စစ်ပညာတွေသင်ပေးသလို လက်နက်တွေပါ ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။

အဲဒီလို ၂ နှစ်လောက်လက်ခံတဲ့ အကျိုးဆက်ကို ခုတော့ KIA ခံလိုက်ရပြီ။ CDM တွေ မှန်သမျှအကုန်လက်ခံတယ်။ တပ်မတော်ရဲ့ ပုံရိပ်တွေကျရင် ပြီးရောဆိုပြီးလုပ်နေတာနဲ့ တပ်ကလွှတ်ထားတဲ့ အဖွဲ့တွေပါမှန်းကို သေသေချာချာ မစိစစ်လိုက်ရဘူး။ အဆိုပါ အဖွဲ့များက KIA ထဲရောက်ပြီး KIA အဖွဲ့တွေရဲ့ လက်နက်စက်ရုံ၊ ယမ်းတိုက်၊ လူနေအဆောက်အဦတွေကအစ အသေးစိတ်သတင်းတွေ တိတိကျကျပေးနိုင်ခဲ့ပါတယ်။ ဒီလို သတင်းပေးမှုကြောင့်လည်း မနေ့က KIA ရဲ့ လက်နက်စက်ရုံကို တိတိကျကျပစ်ခတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေရာကို လေယာဉ်နဲ့ သွားပြီး Air Strike လုပ်တယ်ထင်နေခဲ့တာ အမှန်တော့ တပ်မတော်က Guided Missile နဲ့ ပစ်ခတ်လိုက်တာလို့ သိရပါတယ်။ အခုတော့ CDM ကပေးတဲ့ Suprise ကို KIA တို့ကောင်းကောင်းကြီးခံလိုက်ရပြီး လက်နက်စက်ရုံတစ်ခုလုံး ကုန်သွားတယ်လို့ သိရှိရပါတယ်။