PDF အကြမ်းဖက်တွေရဲ့ နိဂုံး

ပြည်ဖျက်မီဒီယာတွေက ဘယ်မြို့နယ် ဘယ်တိုက်ပွဲမှတေ့ာ တပ်မတော်ဘက်က ဘယ်နှစ်ယောက်ကျသွားပြန်ပြီ ဒဏ်ရာရသွားပြန်ပြီလို့ လျှောက်အော်နေပါတယ်။ စစ်တိုက်တယ်ဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်တော့ ထိခိုက်ကျဆုံးမှုတော့ ရှိစမြဲပါပဲ. ဒါပေမယ့် တစ်စိတ်ကို တစ်အိတ်လုပ်တတ်တဲ့ ပြည်ပဩဇာခံ ပြည်ဖျက်မီဒီယာတွေနဲ့ အဖွဲ့အစည်းတစ်ချို့ကတော့ တပ်မတော်ဘက်ကထိခိုက်မှုအရေအတွက်ကို လျှာအရိုးမရှိတိုင်း တမင်ပိုပြောနေကျလို့ တကယ့်လက်တွေ့မှာတော့ ဒီဩဂုတ်လအတွင်း ဘယ်သူတွေ ထိခိုက်ကျဆုံးများနေသလဲဆိုတာ သက်သေနဲ့တကွဖော်ပြပေးလိုက်ပါတယ်။ ဒါတောင်မှပဲ လက်နက်ကြီးနဲ့မိလို့ အလောင်းတောင်အစရှာမရတဲ့ PDF အကြမ်းဖက်တွေအများကြီးကျန်သေးတယ်။