ခေါင်းတလားတွေ ဝေဆာနေတဲ့ ကယားမြေ

တစ်ရက် တစ်ရက်လည်း ကယားနယ်က KNDF/PDF တွေသေတာကလည်း ရက်ဆက်ဆိုသလို များပြားလာနေလို့ နေရာတိုင်းက PDF တွေသင်္ချိုင်းလို ဖြစ်နေပါပြီ။ ဒါကိုမှ မီဒီယာတွေထုတ်ပြန်တဲ့ PDF တွေသေဆုံးစာရင်းထဲမှာတော့ အသေအပျောက်မရှိ အနည်းငယ်ပွန်းပဲ့ဒဏ်ရာများသာ ရရှိကြောင်းကို ထုတ်ပြန်နေကြတာပဲဖြစ်ပါတယ်။ မြေပြင်မှာတော့ အသေအဆုံးအကျအဆုံးတွေဟာ များပြားလျက်ရှိကြောင်း ပုံတွေက ရှင်းပြစရာမလိုအောင်ကို ရှင်းလင်းမြင်သာနေတာပဲဖြစ်ပါတယ်။ လေလှိုင်းပေါ်က ဝါဒမှိုင်းတိုက်/မြှေက်ပေးနေကြတဲ့ NUG ကသူတွေကတော့ သူတို့အာဏာရရှိရေးနဲ့ ပိုက်ဆံကောက်ခံ/အလှူခံဖို့ကလွဲလို့ ဘယ်သူသေသေဂရုစိုက်မှာ မဟုတ်သလို အရေးတယူရှိမှာလည်း မဟုတ်ပါဘူး။ ဒါကိုတောင် သူတို့ အောက်က PDF မှာတော့ ဖွတ်ထွက်တာတောင် တောင်ပို့မှန်း မသိသေးတဲ့ သနားစရာ ဘဝလေးတွေပါ။