ဇူလိုင်လ ၂ ရက်နေ့မှုခင်းသတင်းများ

-ဇူလိုင်လ ၁ ရက်နေ့ ၀၁၃၀ နာရီချိန်တွင် မောင်တောမြို့နယ်၊ ကျားခေါင်းတောင်ကျေးရွာတွင် နေထိုင်သော မာမွတ်တာရှိန်း(၃၅) နှစ်သည် မိသားစုဝင်(၆) ဦးနှင့် နေအိမ်၌အိပ်ပျော်နေစဉ် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် ဘင်္ဂါလီ ၁၁ ဦးခန့်မှ ရောက်ရှိလာပြီး နေအိမ်အတွင်းရှိ ငွေ ၁၁ သိန်းခန့်နှင့် ရွှေနားကပ် ၂ ရံ တို့အား ယူဆောင်ကာ ကျေးရွာအရှေ့ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၀၀၁၅ နာရီချိန်တွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်အား အကြမ်းဖက် PDF ၂၀ ဦးခန့်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၀၀၂၀ နာရီချိန်တွင် ကောလင်းမြို့၊ ကျော်ဇေယျာ(၁) ရပ်ကွက်အား အကြမ်းဖက် PDF များမှ လက်လုပ်စိန်ပြောင်း၊ ၄၀ မမ လောင်ချာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျော်ဇေယျာ(၁) ရပ်ကွက်ရှိ ဦးမြင့်လွင်၏နေအိမ်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်းအိပ်ပျော်နေသည့် ဒေါ်ဆန်း(၆၆) နှစ်၊မအိဖူးငုံ(၈) နှစ် နှင့် ဒေါ်ဇာခြည်ဦး (၄၄) နှစ်တို့ (၃) ဦးမှာ သေဆုံးသွားခဲ့ပြီး ဦးမြင့်လွင်မှာ လက်နက်ကြီးထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၀၈၂၀ နာရီချိန်တွင် ပခုက္ကူမြို့နယ်၊ ပခုက္ကူ-မြိုင်သွားကားလမ်း၊ ကုန်းတက်ကန်ကျေးရွာလမ်းခွဲတွင် ဦးဆွေလင်း(၅၁)နှစ်ပခုက္ကူမြို့နေသူ၊ ပခုက္ကူခရိုင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း အား အကြမ်းဖက်သမားများမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၀၇၃၀ နာရီချိန်တွင် ဆားလင်းကြီးမြို့၊ အမှတ်(၂) ရပ်ကွက် အမှတ်(၆) ချည်မျှင်နှင့်အထည်စက်ရုံအလုပ်သမားများဖြစ်သည့် ဒေါ်ဆန်းဆန်းဝင်း(၄၀)နှစ်၊ ‌ဒေါ်ယဉ်ယဉ်ဌေး(၅၀) နှစ်၊ ဒေါ်စောမြတ်မွန်(၄၀) နှစ်၊ ဦးမင်းဇော်ဦး(၃၅) နှစ်နှင့် ဒေါ်မော်မော်ဦး(၅၀) နှစ်တို့သည် အမှတ်(၈) ချည်မျှင်နှင့်အထည်စက်ရုံ သို့ပြောင်းရွှေ့လုပ်ကိုင်ရန် ၃ ဘီးဆိုင်ကယ်ဖြင့် မုံရွာသို့လာစဉ် ရေခါးတောင်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များမှတားဆီးပြီး ၎င်းတို့ ၅ ဦးအား ရေခါးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိ၇ှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၁၁၄၅ နာရီချိန်တွင်ကောလင်းမြို့၊ စက်ရုံလည်ပြင်ရပ်ကွက်၊ စိုင်ဒူးရပ်ကွက်နေထိုင်သော မအိအိဖြူအား နေအိမ်တွင် မိသားစုနှင့်အတူရှိနေစဉ် အကြမ်းဖက် PDF ၁၀ ဦးခန့်ရောက်ရှိလာပြီး မအိအိဖြူအား ဥမှင်ကုန်းကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။ မအိအိဖြူမှာ ကောလင်းခရိုင်ထွေအုပ်ရုံးတွင် တာဝန်ထမ်းဆောင်နေသဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၁၇၀၀ နာရိချန်တွင် ပေါက်ခေါင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာနှင့်စက်တုံးကျေးရွာချင်းဆက်လမ်းတွင် နေထိုင်သော ဦးသန်းဝင်း(၆၂) နှစ်နှင့် ရေနံချက်တဲစုကျေးရွာအနောက်ဘက် ကြို့ပင်ဝိုင်းကျေးရွာတွင် နေထိုင်သော ဦးဝင်းဇော်(ခ) ပေါက်စအား အကြမ်းဖက်သမား pdf များမှ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၎င်းတို့ ၂ ဦးမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၁၂၀၀ နာရီချိန်တွင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုံကျေးရွာအုပ်စု၊ ဇလုံးကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား အကြမ်းဖက်သမားများမှ drop bomb ဖြင့်ပစ်ချတိုက်ခိုက်ခဲ့သောကြောင့် ဇလုံးကျေးရွာတွင်နေထိုင်သော မမိုးပြည့်လှိုင် (၁၇) ၊ (grade-12) အား ဝဲရင်အုံ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သောကြောင့် လုံခြုံရေးအဖွဲ့မှ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကောင်း သိရှိရ။

-ဇူလိုင်လ ၁ ရက်နေ့ ၁၃၀၀ နာရီချိန်တွင် လှည်းကူးမြို့နယ်၊ မြေနီကွင်းကျေးရွာတွင် နေထိုင်သော ဒေါ်နီနီဝင်း(၅၆) နှစ်သည် မျှစ်ချိုးသွားစဉ် ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ်(၁၈/၃) ဓာတ်မီးတိုင်အောက်ခြေ၌ လက်လုပ်မိုင်းများတွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၉ လုံးအား တွေ့ရှိခဲ့ကြောင်း သိရှိရ။