အမရပူရမြို့နယ်၌ အသက် (၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး ဧရာဝတီမြစ်အတွင်း ရေနစ်သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယာဉ်တော်ကျေးရွာ၌ ယနေ့ (ဇွန်လ ၁၇ ရက်) ညနေပိုင်းတွင် အသက် (၁၉)နှစ်အရွယ် ကလေး (အမျိုးသား)တစ်ဦး ဧရာဝတီမြစ်အတွင်း ရေဆင်းကစားရာမှ ရေနှစ်သေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

သေဆုံးသူမှာ မောင်ကောင်းသန့်မိုး အသက် (၁၉) နှစ်ကြောင်း သိရှိရပြီး ရေနှစ်နေကြောင်း အကူအညီတောင်းခံမှုအရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ဖြင့် သွားရောက်ကူညီကယ်ဆယ်ခဲ့သော်လည်း ရှာဖွေချိန် ၁၅ မိနစ်အတွင်း ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရသည်ဟုလည်း သိရသည်။

crd; mhtnews