ကလေးမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ ယာဉ် ၁ စီးအား ဖမ်းဆီးရမိ

ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ ကလေး-ကလေးဝ ကားလမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက် အား စစ်ဆေးဆောင်ရွက်နေစဉ် ကလေးမြို့တွင်းဘက်မှ ဟန်ဇလမ်း မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သော သက်သေ အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ တရားမဝင် လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် လုံခြုံရေးအဖွဲဝင်များက ဖမ်းဆီးခဲ့ပြီး ဥပေဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။