ပဲခူးရိုးမအတွင်း၊ သိန်းသုံးရာကျော် တရားမဝင် ကျွန်းသစ်များ သိမ်းဆည်းရမိ

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးရိုးမအတွင်းရှိ ကျွန်းသစ်များနှင့်သစ်မျိုးစုံတို့အား တရားမဝင် ခုတ်လှဲရောင်းချမှုမရှိစေရေးအတွက် လခရတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများမှ နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ် မေလ ၆ ရက်နေ့တွင် ပေါက်ခေါင်း-အုတ်တွင်းလမ်းတလျောက် သစ်စက်ထုတ်ဧရိယာနှင့် သစ်ကြီးစိုက်ခင်းနေရာတို့အား ရှောင်တခင်နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ တောင်နဝင်းသစ်တောကြိုးဝိုင်းအတွင်းတွင် တရားမဝင်ကျွန်းသစ်လုံး (၁၀၈)လုံး၊တန်ဖိုး (၃၃၆၈၆၄၀) ကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။