မြောင်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

ဒီဇင်ဘာ ၅ ရက်
မြောင်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအား
အကြမ်းဖက်သမားအင်အား ၃၀ ဦးခန့်က မီးပုလင်းများဖြင့် ပစ်ပေါက်မီးရှို့ခဲ့ပြီး
ကူးတို့ကုန်းကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ပါတယ်…
မီးရှို့ပျက်စီးမှုကြောင့် ရုံးအဆောက်အဦ ၇၀ ရာခိုင်နှုန်း(ကာလတန်ဖိုးကျပ်သိန်း ၈၀ ခန့်) ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်…