AA အဖွဲ၏ မူးယစ်ကုန်ကူးမှုများ (၃)

၃၁-၅-၂၀၂၀ ရက်မှာ ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်၊ ကန်သာယာ(အထက်)ရွာရှိ ရွှေသိန်းဆိုသူရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေတယ်။ ရွှေသိန်းကိုတော့ မတွေ့ဘူး၊ ရွှေသိန်းရဲ့ မိန်းမ ဒေါ်ဦးမစိန်၊ ဆိုးမောင်၊ ဝင်းမြင့်အောင်၊ ချစ်ထူး၊ ကျော်ကျော်နိုင်၊ ကျော်မင်း တို ၆ ဦးအား ပစ္စတို ၁ လက်နဲ့အတူ ကားဂိုဒေါင်အတွင်းရှိ ကား ၂ စီးမှ WY စိတ်ကြွရူးသွပ်ဆေးပြား (၂၄ သိန်းပြား)၊ ကာလတန်ဖိုး ကျပ် ၄.၈ ဘီလီယံခန့် ဖမ်းဆီးရမိခဲ့။

တရားခံများရဲ့ ဖြောင့်ချက်အရ အဆိုပါမူးယစ်ဆေးများဟာ မလေးရှားနိုင်ငံသို ပိုဆောင်ရမှာဖြစ်ပြီး ပိုင်ဆိုင်သူက AA အဖွဲမှ ဗိုလ်မှူးကြီး အဆင့်ရှိ ခိုင်သုခ ဖြစ်ကြောင်း၊ ၎င်းတိုသည် မူးယစ်ဆေးများကို –
လမ်းကြောင်း(၁) = မန္တလေး – စစ်ကိုင်း – မုံရွာ – ကလေးဝ – ကလေး – တီးတိန် – တွန်းဇံ – ဒါရ်ခိုင်။
လမ်းကြောင်း(၂) = မန္တလေး – စစ်ကိုင်း – မုံရွာ – ကလေးဝ – ကလေး -တီးတိန် – ရိဒ်။
လမ်းကြောင်း(၃) = မန္တလေး – စစ်ကိုင်း – မုံရွာ – ပုလဲ – ဂန့်ဂေါ – ဟားခါး – ထန်တလန်။
လမ်းကြောင်း(၄) = မန္တလေး – မိတ္ထီလာ – ပျော်ဘွယ် – နတ်မောက် – မကွေး – ပဒါန်း – အမ်း – မင်းပြား – မြောက်ဦး – ကျောက်တော်။

စတဲ့ လမ်း ၄ ခုအနက် အဆင်ပြေသည့်လမ်းကြောင်းမှ မူးယစ်ဆေးဝါးများကို အကြိမ်ကြိမ် သယ်ယူခဲ့။ ရခိုင်မှတစ်ဆင့် ဖြန့်ချိလိုတဲ့နိုင်ငံများသို ရေလမ်းကြောင်းမှ စက်လှေများဖြင့် ဘင်ဂါလီလူမျိုးများ အကူအညီဖြင့် ပေးပိုခဲ့ကြောင်း သိရှိရ။

အိမ်ပိုင်ရှင် ရွှေသိန်းမှာ AA အဖွဲမှ ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ပြီး မြောက်ဦးမြိုနှင့် ကျောက်တော်မြိုရှိ ရခိုင်လူငယ်များထံသိုလည်း WY များ လက်လီ/လက်ကား ဖြန့်ချိလျက်ရှိကြောင်း၊ ၎င်းအနေနဲ့ မူးယစ်ဆေးဝါး တန်ဖိုး၏ ၁၅ % ကို ရယူပြီး သယ်ဆောင်ပေးသူများအား ၅ % ပေး၍ ကျန်ပိုက်ဆံများအား လိုင်ဇာရှိ ခိုင်သုခထံ ပေးပိုရကြောင်း စစ်ဆေးသိရှိရ။

ဇာတ်ပေါင်းသော် AA အဖွဲက ဘင်ဂါလီတွေနဲ့ပေါင်းပြီး ရခိုင်ပြည်နယ်နဲ့ အခြားနိုင်ငံတွေကို ကုန်ကူးပိုဆောင် နေမှတော့ ရခိုင်လူငယ်တွေ မူးယစ်ဆေးစွဲတာ မဆန်းကြယ်လှပါဘူး။ AA ရဲ့လုပ်ရပ်က ကိုယ့်လူမျိုးကို မူးယစ်သားကောင်အဖြစ် ဖျက်ဆီးပြီး ဘင်တွေ လက်ထဲ ထည့်ပေးနေသလားလိုတောင် ထင်မိပါတယ်။