ဖယ်ခုံမြို့နယ်၌ တာဝါတိုင်အား အကြမ်းဖက်အုပ်စု PDF/ KNDF အဖွဲ့က မိုင်းဖောက်ခွဲဖျက်ဆီး

ဇန်နဝါရီ ၂ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြိုနယ် ကသည်းကျေးရွာနေရာဝန်းကျင်မှ ညနေပိုင်းတွင်
ပေါက်ကွဲသံ ၃ ချက်ကြားရသဖြင့် လုံခြုံရေးအဖွဲ့က စုံစမ်းခဲ့ရာ မဟာဓာတ်အားလိုင်းမှူးရုံး (လွိင်ကော်)မှ တာဝန်ယူ
ထိန်းသိမ်းရသည့် လောပိတ အမှတ်(၂)ဓာတ်အားပေးစက်ရုံမှ နေပြည်တော် တပ်ကုန်းမြိုနယ် ရွှေမြို့ဓာတ်အားခွဲရုံ
သို့ သွယ်တန်းထားသော မဟာဓာတ်အားလိုင်း 230 KV ဓာတ်အားလိုင်းရှိ တာဝါတိုင်အမှတ်(ခန့်မှန်း ၁၅၉)
အား အကြမ်းဖက်အုပ်စု PDF/ KNDF အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့၍ ပြိုလဲသွားကြောင်း သိရှိရသည်။
လျှပ်စစ်တာဝါတိုင်သည် ၂ဝဝ၂ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် အကြမ်းဖက်အုပ်စု PDF/ KNDF အဖွဲ့များ၏ မိုင်း
ထောင်ဖောက်ခွဲခြင်းခံခဲ့ရသည့် အချိန်မှစ၍ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်လျက်ရှိကြောင်း သိရသည်။