(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကျင်းပ

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် အမျိုးသား အသက် ၄၀ အောက် အားကစားသမား ၆၀၀ ဦး၊ အမျိုးသမီး အသက် ၄၀ အောက် အားကစားသမား ၈၀၈ ဦး၊ အမျိုးသား အသက် ၄၀ အထက် အားကစားသမား ၁၁၂ ဦး၊ အမျိုးသမီး အသက် ၄၀ အထက် အားကစားသမား ၁၀၆ ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် အားကစားသမား ၁၆၂၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရသူများကို တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့‌ကြောင်းသိရပါတယ်။