၂၀၂၃ ခုနှစ်အတွက် မြန်မာနေရှင်နယ် ချန်ပီယံရှစ်ဆု သက်ထားသူဇာ ဆွတ်ခူး

၂၀၂၃ ခုနှစ်အတွက် မြန်မာနေရှင်နယ် ချန်ပီယံရှစ်ဆုအား ကြက်တောင်မယ် သက်ထားသူဇာ ဆွတ်ခူးရရှိခဲ့ကြောင်း ၎င်း၏ အင်စတာဂရမ်တွင် ဖော်ပြထားပါတယ်။ သက်ထားသူဇာသည်၂၀၂၃ ခုနှစ်တစ်နှစ်တာ အတွက် မြန်မာ နေရှင်နယ် ချန်ပီယံရှစ်ဆုအား ရွှေတံဆိပ်ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။

သူမအနေဖြင့် လက်ရှိတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ကမ္ဘာအဆင့် သတ်မှတ်ချက် (၄၂) နေရာတွင် ရပ်တည်နေသူတစ်ဦးဖြစ်ပြီး၊ အိုလံပစ်အဆင့် သတ်မှတ်ချက်အဆင့် (၂၁) နေရာကိုလည်း ရရှိထားကြောင်းသိရပါတယ်။