ကုန်သင်္ဘောများ ပုံမှန်ဆိုက်ကပ်လျက်ရှိသည့် ရန်ကုန်ဆိပ်ကမ်း

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်ခဲ့သည့် သင်္ဘောအစင်းရေ ၆၂၀ ကျော်ရှိခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အချက် အလက်များအရ သိရပါတယ်။ အလားတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီအတွက် ကုန်သေတ္တာသင်္ဘော အစင်းရေ ၄၉ စင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း လအလိုက် ကုန်သေတ္တာတင်သင်္ဘောဆိုက်ကပ် ကုန် သွယ်မှုအနေဖြင့် ဇန်နဝါရီလတွင် ၅၂ စင်း၊ ဖေဖော်ဝါရီလတွင် ၅၁ စင်း၊ မတ်လတွင် ၅၅ စင်း၊ ဧပြီလတွင် အစင်း ၅၀၊ မေလတွင် ၅၆ စင်း၊ ဇွန်လတွင် ၅၇ စင်း၊ ဇူလိုင်လတွင် ၅၃ စင်း၊ ဩဂုတ်လတွင် ၅၄ စင်း၊ စက်တင်ဘာလတွင် ၅၃ စင်း၊ အောက်တို ဘာလတွင် ၄၉ စင်း၊ နိုဝင်ဘာလတွင် အစင်း ၅၀ နှင့် ဒီဇင်ဘာတွင် ၄၉ စင်း စုစုပေါင်း ၆၂၉ စင်း ဆိုက်ကပ် ကုန်သွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။