ဝိုင်းမော်မြို့ IDPs စခန်း (၆)ခုမှပြည်သူများ နေရပ်ပြန်ကြတော့မည်

“၁၀ စုနှစ်တစ်ခုကြာအောင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်း (၆)ခုမှပြည်သူများ နေရပ်ပြန်ကြတော့မည်”

နေရပ်ပြန်ကြတော့မည့် အိမ်ထောင်စု ၁၀၅ စုတို့မှ လူဦးရေ ၅၅၀ ဦးတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ဧပြီ ၆ ရက် နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံအားပေး၍ ငွေသားနှင့် ပစ္စည်းစုစုပေါင်းတန်ဖိုးငွေကျပ် ၃၉၄၉၅၀၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။